MNP ၊ နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာန ၊ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တွင် (၃၃)နှစ်မြောက် ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ကုလ သမဂ္ဂ ကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် မောင်တောခရိုင် မိခင် နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းက (၃၃)နှစ်မြောက် ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်း အမှတ်နေ့ ဖြစ်ပေါ်လာပုံများ နှင့် အသိပညာဗဟုသုတများအား အသိပညာပေးဟောပြောခဲ့သည်။ထို့နောက် လူမှု ဝန်ထမ်း ဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်သူနိုင်က ကျောင်းသား/သူများအား ကလေး သူငယ် အခွင့် အရေးများဆိုင်ရာ ဥပဒေ တွင် ပါဝင်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့် ၊ကာကွယ် စောင့် ရှောက် ခွင့်၊ ပါဝင် ဆောင်ရွက်ခွင့်၊ ဥပဒေပါ အခွင့် အ ရေးများ၊ အသက်(၁၈)နှစ်အောက် ကလေးများပြစ်မှုကျူးလွန်မိခဲ့လျှင် ဥပဒေ မှ အကာအကွယ်ပေးထားသော အခွင့် အရေးများ ၊ မိမိပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မပြုကျင့်ရအောင် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများ ၊ မိမိအပေါ်တွင် မှာသော်လည်းကောင်း ၊မိမိ ပတ် ဝန်း ကျင်မှာသော်လည်းကောင်း ကလေး သူငယ်များအပေါ်မှာ အကြမ်းဖက်မှုများ လွဲမှား စွာပြုကျင့်မှုများအား သိရှိ လျှင် ဆက်သွယ် အကူအညီ တောင်းခံရမည့် ဌာနအဖွဲ့အစည်းများ၊ ဉပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား ကျောင်းသား/သူ များ သိရှိနိုင်ရေးအတွက် အကျယ်တဝင့် ရှင်း လင်းပြောကြားသည်။ယင်းနောက် နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူငယ် များ ဖွံ့ဖြိုးရေး သင် တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးစစ်အောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မိခင်နှင့်က လေး စောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့မှ ကျောင်းသား၊ကျောင်းသူလေးများအတွက် ဗလာစာအုပ် ၊ မာမီးခေါက်ဆွဲ ၊ လက်ဖက်ရည်ထုတ် များကို တာဝန်ရှိသူများက ကျောင်းအုပ်ဆရာကြီးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မောင်တော ခရိုင်လူမှုဝန်ထမ်း ရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော် သူနိုင် နှင့် ဝန်ထမ်းများ ၊ ခရိုင် မိခင် နှင့် ကလေး စောင့်ရှောက် ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း နှင့် အဖွဲ့ဝင်များ ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊နယ်စပ် ဒေသတိုင်း ရင်း သား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်း ကျောင်းအုပ် ဆရာကြီး နှင့် ဆရာ၊ဆရာမများ ၊ကျောင်းသား/သူများ တက်ရောက် ခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment