လောက်ကိုင်မြို့၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းမြို့နယ်အဆင့် သင်္ချာ/အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လောက်ကိုင်မြို့၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းမြို့နယ်အဆင့် သင်္ချာ/အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများကျင်းပ

 



MNP - နိုဝင်ဘာ   ၂၀


အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားလူငယ်များ ပညာသင်ကြားရာတွင် အင်္ဂလိပ်စာဘာသာစကား ဝေါဟာရ ကြွယ်ဝစေရေး၊ ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြော ကျွမ်းကျင်မှုစွမ်းရည်များ မြှင့်တင်ပေးနိုင်ရန် အတွက် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့်  ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည်များ မြှင့်တင်ရန်၊ ပြဿနာဖြေရှင်းနည်းလမ်းများကို ရှာဖွေဖန်တီးနိုင်ရန်အတွက် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ မြို့နယ်အဆင့် သင်္ချာ/အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် လောက်ကိုင်မြို့ရှိ အမှတ်(၁)၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများမှ Greade-5 နှင့် Greade-9 မှ အတန်းလိုက် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် (၃၀)ဦးနှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် (၃၈)ဦး စုစုပေါင်း (၆၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


ယခုလိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းမှာလည်း အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်များတွင် သင်္ချာနှင့်အင်္ဂလိပ်စာ ဘာသာရပ်များတွင် သင်ကြားမှုစွမ်းရည်တိုး တက်လာစေရန်၊ သင်္ချာနှင့် အင်္ဂလိပ်စာဘာသာများတွင် ရပ်ထူးချွန်သည့် ကျောင်းသား/ ကျောင်း သူများကိုရွေးချယ်၍ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပြီး မြို့နယ်အဆင့်တွင် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ထားသော ကျောင်းသား/ကျောင်းသူ များထဲမှ အတန်းလိုက်ထူးချွန်သော ကျောင်းသား/ကျောင်းသူ တစ်ဦးစီကိုရွေးချယ်၍ လားရှိုးမြို့သို့ သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)