ဒဂုံမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်

 


MNP - နိုဝင်ဘာ  ၂၆


ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


အခမ်းအနားတွင် ဒဂုံမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခန့်သွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အနောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းကြည်က ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသောကော်မတီ အဖွဲ့ဝင်များကလည်း သိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


သတင်း - ကြည်ဇေသော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)