မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ တက်ရောက်ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ တက်ရောက်ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်

 



MNP - နိုဝင်ဘာ  ၂၆


မကွေးမြို့ မကွေးပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ တက်ရောက်ပြီးမြောက်ကြောင်း လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်ကြားရေးဆရာ၊ဆရာမများနှင့် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသားဘာသာစကား သင်ကြားပို့ချပေးနေသည့် ဆရာ၊ ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲကို မကွေးပညာရေးဒီဂရီကောလိပ်မှ (၃-၁၁-၂၀၂၂) ရက်နေ့မှ(၂၅-၁၁-၂၀၂၂)ရက်နေ့အထိ သတ်မှတ်ဆွေးနွေးပွဲ အစီအစဉ်များနှင့် အညီ လေ့ကျင့်သင်ယူ ဆွေးနွေးခဲ့ကြတဲ့ ဆရာ၊ ဆရာမ (၁၁၈)ဦးကို အောင်မြင်စွာ တက်ရောက်ခဲ့ကြတဲ့အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသားဘာသာစကား စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ရန် ဒေသခံတိုင်းရင်းသားဆရာနှင့် ဘာသာစကားသင် ဆရာ၊ ဆရာမများကို ခန့်အပ် တာဝန်ပေးပြီး ကျောင်းများတွင် တိုင်းရင်းသားဘာသာ စကား(၆၃)မျိုး ကို ဘာကြောင့် သင်ကြားပေးဖို့ ဆောင်ရွက်နေလဲဆိုတော့ ဘာသာစကားဆိုတာ အစဉ်အမြဲပြောင်းလဲ တိုးတက်လာတဲ့သဘောရှိပြီး အသိပညာ အတတ်ပညာတွေကို တိုးတက်လာတာနဲ့အမျှ ဝေါဟာရ အခေါ်အဝေါ် စကားအသုံးအနှုန်း အသစ်အဆန်းတွေဟာ နေစဉ်နဲ့အမျှ ပေါ်ထွက် နေလေ့ရှိပါကြောင်း၊ ခေတ်နဲ့အညီ တိုးတက်လာတဲ့ အသိပညာ အတတ်ပညာတွေကို မိမိဘာသာ စကားနဲ့ မပြောဆို မရေးသားနိုင်လျှင် အဲဒီဘာသာစကားဟာ တိမ်ကောပျောက်ကွယ်သွားမှာ ဖြစ်သလို တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများ အနေနဲ့လည်း အတတ်ပညာတွေကို မိမိတို့ နားလည်တဲ့ ဘာသာစကားနှင့် လေ့လာသင်ယူခွင့်မရရှိတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာရေးအခွင့်အလမ်းတွေ ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သလို ဒေသဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အဟန့်အတားဖြစ်စေမှာဖြစ်ကြောင်း၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတွေ ပျောက်ရင် အဲဒီလူမျိုးပါ  ပျောက်ကွယ်သွားတဲ့ သာဓကတွေ အများကြီးရှိပါကြောင်း၊ ဒါကြောင့် တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများအနေနဲ့ ဆွေးနွေးပွဲကာလအတွင်း စာတွေ့သင်ကြားမှုတွေကို လေ့လာဆည်းပူးခဲ့ကြပြီး မိမိတို့တာဝန်ကျရာ ကျောင်းများမှာ စာတွေ့လက်တွေ့ ပေါင်းစပ်ကာ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများကို ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံသားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးကြပါလို့ အလေးအနက်ထား တိုက်တွန်း မှာကြားလိုပါကြောင်း၊ အဲဒီလို ဘက်စုံပညာ ထူးချွန်ထက်မြက် လာအောင် ပြုစုပျိုးထောင်ရာမှာ အတတ်ပညာသာမက အသိပညာ၊ ခံယူချက်၊ သဘောထား၊ တာဝန်သိစိတ်၊ တာဝန်ခံစိတ်၊ လူ့မှုပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံရေး၊ တစ်ကိုယ်ကောင်း မဆန်ဘဲ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်သော စိတ်နေစိတ်ထား အလေ့အကျင့်ကောင်း တွေကို စာပေပညာများကို သင်ကြားရင်း တပါတည်း ထည့်သွင်း လေ့ကျင့်ပေးဖို့လိုအပ်ပြီး၊ တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများကို ကာယ၊ ဉာဏ၊ စာရိတ္တမကျန် ဘက်စုံဖွံ့ဖြိုး တိုးတက်သော နိုင်ငံသားကောင်းများဖြစ်အောင် မြန်မာ့လူ့ဘောင်ကို အကျိုးပြုတဲ့ နိုင်ငံသားကောင်းများ ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမ များကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သည့် ငွေကျပ်(၃၅)သိန်းအား ထောက်ပံ့ ပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်တို့က အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ တက်ရောက်ပြီးမြောက်ကြောင်း လက်မှတ်များအား တိုင်းရင်းသားဘာသာစကား သင်ဆရာ၊ ဆရာမများထံ ပေးအပ်ခဲ့ကြသည်။


ထို့နောက် ဆွေးနွေးပွဲတက်ရောက်သူ တိုင်းရင်းသားဘာသာစကားသင် ဆရာ(၁)ဦးက ကျေးဇူး တင်စကားပြောကြားပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သတင်း - မောင်ညီညာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)