တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသင်တန်း ဆင်းပွဲအခမ်းအနားများ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသင်တန်း ဆင်းပွဲအခမ်းအနားများ တက်ရောက်

 



MNP - နိုဝင်ဘာ ၂၆


တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူဆွေးနွေးပွဲ သင်တန်းဆင်းပွဲ ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့် ဘိုကလေးပညာရေး ဒီဂရီကောလိပ်တို့၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးဒီဂရီကောလိပ်အသီးသီးမှ ဆရာ/ဆရာများနှင့် တိုင်းရင်းသား ဘာသာစကား သင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားများတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုသင်တန်းအား နိုင်ငံတစ်ဝှမ်းလုံးရှိ ပညာရေးဒီကရီကောလိပ်များတွင် ဖွင့်လှစ်ဆွေးနွးခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ဆရာမများ အနေဖြင့်မိမိတတ်ကျွမ်းသည့် ဘာသာရပ်များအပြင် အခြားလိုအပ်သော ဘာသာရပ်များကိုလည်း တစ်ဖက်တစ်လမ်းမှ အားဖြည့်သင်ကြားပေးလျက်ရှိသည်ကို သိရှိရသည့် အတွက် ဝမ်းသာဂုဏ်ယူ မိပါကြောင်း၊ သင်တန်းသား ဆရာ၊ဆရာမများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိတာသည်များကို သိအောင်၊ နားမလည်သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ပေးရမှာဖြစ်ပါကြောင်း၊  သင်တန်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာ များကိုလည်း မိမိတာဝန်ကျရာဒေသများတွင် ဆင့်ပွားမျှဝေခြင်း ထပ်ဆင့်ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊  ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ စံနမူနာပြဖြစ်ဖို့ လိုပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် အရင်းတည်ပြီး နိုင်ငံတော်ရဲ့ အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည့် တပည့်များအား အရည်အချင်းပြည့်ဝသည့် လူတော်လူကောင်းများဖြစ်အောင် လမ်းပြသွန်သင်ပေးကြရန်နှင့် တက္ကသိုလ်ဝင်တန်းအောင်ချက် မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများအားသင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြု ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများ၏ တိုင်းရင်းသားရိုးရာအကများဖြင့် ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ သင်တန်းသား သင်တန်းသူ ဆရာ/ဆရာမများနှင့် နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းများတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ ပုသိမ်၊ ကန်ကြီးထောင့်နှင့် သာပေါင်းမြို့နယ်များအပါအဝင် မြို့နယ်(၇) မြို့နယ်မှ  တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ဆရာမ (၃၇၂)ဦး၊ ဘိုကလေးပညာရေးဒီကရီကောလိပ်၌ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်မြို့နယ်အပါအဝင် မြို့နယ်(၁၀)မြို့နယ်မှ တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမ (၁၃၇)ဦးနှင့် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မြို့နယ်များ အပါအဝင် မြို့နယ်(၁၂)မြို့နယ်မှ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ဆရာမ (၄၀၀)ဦးတို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)