စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး မုံရွာတက္ကသိုလ်ရှိ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး မုံရွာတက္ကသိုလ်ရှိ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲအခမ်းအနား တက်ရောက်




MNP - နိုဝင်ဘာ ၂၆


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်း ဥပဓိရုပ်ကောင်းမွန်စေရေး၊  ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းသား၊ကျောင်းသူများ အိပ်ဆောင်ပတ်ဝန်းကျင်တို့အား သန့်ရှင်းသပ် ရပ်စေရေးတို့အတွက် ခြင်များပေါက်ပွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာရေးကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် သန့်ရှင်း ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများ ပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော ပါမောက္ခ၊ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ရာ မုံရွာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင်က မိတ်ဆုံစားပွဲအခမ်းအနား ကျင်းရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပါမောက္ခချုပ် ဒေါက်တာ အောင်ကျော်သင် ထံငွေကျပ် ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ ပါမောက္ခ၊ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် နေ့လည်စာများ တစ်ပျော်တစ်ပါး အတူစားသုံးကာ မုံရွာတက္ကသိုလ်မှ ဆရာ/ဆရာမများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှု များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)