ဘုတလင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတလင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




MNP - နိုဝင်ဘာ   ၂၄


ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း ဆောင်ရွက်‌နေမှုများကို ပြည်သူများသိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဘုတလင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဘုတလင်မြို့ မြဝတီရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး(OSS)၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်က မိမိတို့ ရပ်ရွာဒေသ၊ နယ်မြေဒေသလုံခြုံရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ လည်းကောင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန့်ဇင်က နယ်မြေအေးချမ်း သာယာရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေ သည့် လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ထွန်းက မူးယစ်ဆေးဝါး ကင်းစင်ရေး၊ မှုခင်းကျဆင်း‌ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာ အကြီးအကဲများမှ မိမိတို့ဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီးချပြ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)