ကျိုင်းတုံမြို့ နောင်ခမ်းကန် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့ နောင်ခမ်းကန် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 


MNP - နိုဝင်ဘာ  ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ လေယာဉ်ကွင်းလမ်းဘေးရှိ၊ နောင်ခမ်းကန် သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့  မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများက နောင်ခမ်းကန်အတွင်းရှိ  အမှိုက်များ၊ ကြာပင်များ၊ ဗေဒါပင်များအား ဖယ်ရှားရှင်းလင်းခြင်း၊ ကန်ပတ်လည်ရှိ အမှိုက်များ၊ ခြုံနွယ်များ၊ မြက်ပင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရေဝင်/ရေထွက်မြောင်းများအတွင်း ပိတ်ဆို့နေသည့် အမှိုက်များအား ရှင်းလင်းခြင်းတို့ကို စုပေါင်း၍ ဆောင်ရွက်ကြသည်။


ယင်းသို့ ဆောင်ရွက်နေမှုများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


အဆိုပါနောင်ခမ်းကန်သည် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ လာရောက်လည်ပတ် ဓာတ်ပုံရိုက်လေ့ရှိပြီး ကန်အတွင်း သာသနာ့ဗိမာန်တော်နှင့် စေတီတစ်ဆူတည်ထားကာ မြို့ကျက်သရေဆောင် ကန်တစ်ကန်ဖြစ်ကြောင်းသိရသည်။


သတင်း - အောင်ဇင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)