တာမွေမြို့နယ်တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်တွင် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများဆောင်ရွက်




MNP - နိုဝင်ဘာ  ၁၉


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသောကလေးများ ကျောင်း(ရန်ကုန်)တွင် ယမန်နေ့နံနက်ပိုင်းအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (UNCRC Day) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများအဖြစ် အားကစားပြိုင်ပွဲများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါနားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (UNCRC Day) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို လှုပ်ရှားမှုများအဖြစ် အားကစားပြိုင်ပွဲများ ကျင်းပ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် (UNCRC) သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးသူငယ်တိုင်းကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ချုပ်ဆိုခဲ့သည့် နိုင်ငံတကာ သဘောတူစာချုပ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ ကလေးသူငယ်တိုင်း အသက်ရှင်သန်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ ၎င်းတို့အပေါ် ကျရောက်သည့် ဘေးအန္တရာယ်အားလုံးကို ကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်တိုင်း ပါဝင်နိုင်မှုကို အားပေးဖို့ လိုအပ်သည့် အခွင့်အရေးတွေကို ကမ္ဘာ့ကုလသမ္ဂက ၁၉၈၉ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ပြဌာန်းခဲ့ကြောင်း၊ ၁၉၉၀ ခုနှစ်တွင် အဆိုပါသဘောတူ စာချုပ်အား နိုင်ငံပေါင်း(၂၀) လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာချုပ်အား ၁၉၉၁ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ပါဝင်အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုကျင့်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်း စသည့် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေသောလုပ်ရပ်များကို လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်းကာကွယ်တားဆီး စောင့်ရှောက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - ထက်တံခွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)