ဓနုဖြူမြို့နယ်တွင် ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာနှင့် ရိုးဖြတ်ခုတ်ကိရိယာဖြင့် အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဓနုဖြူမြို့နယ်တွင် ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာနှင့် ရိုးဖြတ်ခုတ်ကိရိယာဖြင့် အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

 



MNP - နိုဝင်ဘာ  ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးကျေးရွာ၊ ကျုံတနီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၁၉)၊တောင်သူ ဦးအောင်ဌေး၏ လယ်မြေ၌ စက်မှုလယ်ယာဦးစီးဌာနမှ ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာနှင့် ရိုးဖြတ်ခုတ် ကိရိယာဖြင့် အသုံးပြုစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


အဆိုပါ သရုပ်ပြပွဲတွင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက တောင်သူများအား ထယ်ရေးမလိုသောမျိုးစေ့ချစက်နှင့် ရိုးဖြတ်ခုတ်စက်တို့ကို အသုံးပြုခြင်းအားဖြင့်  မျိုးစေ့ကုန်သက်သာခြင်း၊    မြေဩဇာပက်ဖျန်းရလွယ်ကူခြင်း၊ ရိတ်သိမ်းရလွယ်ကူခြင်း၊ လုပ်အားခသက်သာခြင်းနှင့်အချိန်ကုန်သက်သာမှုရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး စမ်းသပ် ဧက (၃) ဧကအား သရုပ်ပြစိုက်ပျိုးခဲ့သည်။


အဆိုပါသရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ စက်မှုလယ်ယာဦးစီးဌာန  ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊     ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း(၇၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)