မိုင်းယန်းမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ရောင်းချပေး



MNP - နိုဝင်ဘာ   ၁၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့ရှိ နယ်မြေခံတပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များက နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်နေဒေသခံပြည်သူများအား  တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက်  ယနေ့နံနက် ၇ နာရီခွဲခန့်က ဈေးတန်းရပ်ကွက် မြို့မပန်းခြံတွင် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချပေးရာတွင် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေ စေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ကြက်ဥ၊ ကြက်သားနှင့် အသီးအရွက်များကို ဈေးနှုန်းချိုသားစွာဖြင့် ရောင်းချပေးခဲ့ပြီး စစ်ဗျူဟာအဖွဲ့ (အခြေချ)(မိုင်းခတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရာဇာထွန်းနှင့် မိုင်းယန်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 


သတင်း - ထွန်းထွန်းထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)