ဆင်ပေါင်ဝဲမြို့နယ်၊ အထက(ကျောက်ချက်) ကျောင်းအဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၊ အထက(ကျောက်ချက်) ကျောင်းအဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP - နိုဝင်ဘာ   ၁၉


မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က  ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်၊ တာဝန်ခံ ကျောင်းအုပ်ဆရာကြီးတို့မှ ကျောင်းမုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် အခမ်းအနားစတင်ကျင်းပခဲ့ရာ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်မှ အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က ကျောင်းအဆင့်တိုးမြှင့်ပေးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး ကျောက်ချက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကျောင်းသူ/ကျောင်းသားများမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေပေးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


သတင်း - နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)