မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတက်ရောက်



MNP - နိုဝင်ဘာ  ၂၀


မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ မွန်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကဏ္ဍအသီးသီးမှာရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကောင်းများ မြင့်မားလာစေရေးဆောင်ရွက်ပေးလျက်ရှိသလိုဒေသအတွင်း လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မြင့်မားရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အချို့သောစီးပွားရေးလုပ်ငန်းများ ရပ်နားရခဲ့ရခြင်း၊ အနည်းဆုံးနှင့် အကျဉ်းဆုံးဖြင့်သာ လုပ်ငန်းပြန်လည်စတင်နေရခြင်းတို့ကြောင့် အရင်းအနှီးအားနည်းသည့် စီးပွားရေးလုပ်ငန်းများအား ပြန်လည်ကုစားပေးနိုင်ရေးနှင့် ပိုမိုအားကောင်းအောင် မြှင့်တင်နိုင်ရေးဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုပ်လုပ်ငန်းများအပြင် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားအလာကောင်းသည့် ဒေသထွက်ကုန်ကြမ်းများ၊ လယ်ယာ၊ သား၊ ငါး၊ ထုတ်ကုန်များကို နည်းပညာစက်ပစ္စည်း အကူအညီဖြင့် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ပေါ်လာစေရေးနှင့် ပြည်နယ်၏ GDP ကို မြှင့်တင်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။


ထိုနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမမှ မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ စိုက်ပျိုးမွေးမှုရေးကုန်ထုပ်လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဒေသထွက်စားသောက်ကုန်နှင့် အခြားကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)