ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ




MNP ၊ နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ စည်ပင်သာယာရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေးလုပ်ငန်းများသည် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်၍  ပြည်သူလူထုထံ အပြည့်အဝ ဝန်ဆောင်မှုပေးရန်နှင့် ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံရန်လိုအပ်ကြောင်း၊ မြို့တိုင်းတွင်ရှိသည့် အများနှင့် သက်ဆိုင်သည့်(Public Area) များ၊ မြို့နယ်ခန်းမများ၊ လမ်းမကြီးများ၊ ဈေးများနှင့် မြို့ဝင်/ ထွက်များတွင် အလှပန်းပင်များ၊ အရိပ်ရအပင်များဖြင့် အလှဆင်ရန်နှင့် သန့်ရှင်းသပ်ရပ် စေရေးလည်း နေ့စဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စည်ပင်ပိုင်ဧရိယာအတွင်း ကျူးကျော်မှုများ မရှိစေရေး အထူးကြီးကြပ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြို့တစ်ခု၏ စည်ပင်သာယာရေး လုပ်ငန်းများသည် ယင်းမြို့၏ ရရှိသည့်ဝင်ငွေခွန်ပေါ်တွင် မူတည်နေသဖြင့် ခေတ်နှင့်လျော်ညီသည့် အခွန်အခများရရှိစေရေး ဆောင်ရွက်သွားရန် လိုအပ်သလို အခွန်ပုံးအခွန်ရှောင် များကိုလည်း ဖော်ထုတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင် စက်/ယာဉ်၊ ယန္တရားများ အချိန်မရွေး သုံးစွဲနိုင်ရေး  ပြင်ဆင်   ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ Quality Control (QC) စစ်ဆေးခြင်းအား အဆင့်ဆင့်ကြီးကြပ်၍  တာဝန်ယူမှု တာဝန်ခံမှုစနစ်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လာမည့် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အလိုက် သန့်ရှင်းသာယာလှပစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအား စနစ်တကျ ကြိုတင်ပြင်ဆင်ရေးဆွဲထားကြရန် ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိများက မြို့နယ်အလိုက် ဝင်ငွေအသုံးစရိတ်များ တည်ဆောက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊   ညွှန်ကြားရေးမှူးက   တိုင်းဒေသကြီးအတွင်း  မြို့နယ်(၂၈)  ခု ၌ ဆောင်ရွက်နေသည့် စည်ပင်သာယာရေးလုပ်ငန်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြသည်။


ယင်းနောက်  တိုင်းဒေသကြီးအစိုးရအဖွဲ့၊  စီးပွားရေးရာ  ဝန်ကြီးဦးတင်ဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)