MNP - နိုဝင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း တပ်နယ်မိသားစုများက ပြည်သူများအားဆန်၊ဆီ၊အသား/ငါးနှင့်ဟင်းသီး၊ဟင်းရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီကမှစတင်၍ မြို့မရဲစခန်းရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နေပြည်သူများအား မီးဖိုချောင်သုံး စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက်၊ ကြက်သား တစ်ပိသာလျှင် ၇၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၁၅၀၀ ကျပ်၊ကြက်ဥ (၁၀)လုံးလျှင် ၁၈၀၀ ကျပ်၊ ဆန် တစ်ပြည်လျှင် ၁၆၀၀ ကျပ်ဖြင့် ပြည်သူများအား ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်းသိရသည်။ ထိုသို့ရောင်းချပေးရာတွင် စားအုန်းဆီများကို မြို့နယ်စားသုံးသူရေး ရာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းမှ ပါဝင် ကူညီရောင်းချ ပေးခြင်းဖြစ်ကြောင်း သိရပြီး၊ စားအုန်းဆီ တစ်ပိဿာလျှင်(၄၇၅၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင်(၅၀)ကျပ် သားနှုန်းရောင်းချပေးခြင်းဖြစ်ကြောင်းသိရပြီး၊ စုစုပေါင်း ဆီပိဿာချိန်(၂၂၀)ရောင်းချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချရာသို့ ကျောက်ပန်းတောင်း တပ်နယ်မှူးဗိုလ်မှူးကြီးဟိန်းဆက်၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးစိုးနိုင်အေး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်း - နေအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment