MNP - နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာ၌ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်တွင် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျခဲ့ရာ ဆန်စက် ဂိုထောင် (၁) လုံးနှင့် ဝါးနေအိမ်တစ်လုံး မောင်းတီးမြစ်အတွင်းသို့ မျှောပါသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာနေ ဦးခင်ဦး ပိုင်ဆိုင်သော အလျား ပေ ၆၀၊ အနံ ပေ ၃၀ ရှိ ဆန်စက်ဂိုထောင် (၁) လုံး၊ နှင့် ဦးသန်းထွေး ပိုင်ဆိုင်သော ဓနိမိုး ၊ ဓနိကာ ဝါးအိမ် (၁) လုံးတို့မှာ နိုဝင်ဘာလ (၁၅) ရက်နေ့ နေ့လယ် အချိန်တွင် မြစ်ကမ်းပါးပြိုကျသဖြင့် မောင်းတီးမြစ်အတွင်းသို့ မျှောပါသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါအိမ်ထောင်စု (၂) စုနှင့် မြစ်ကမ်းပါးအနီးတဝိုက်နေ အိမ်ထောင်စုဝင်များအား ဘေးလွတ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူရွာသားများမှ ပြောင်းရွှေ့ထားရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
သတင်း - မဇင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment