ပန်းတနော်မြို့၌ ဆီထွက်သီးနှံနေကြာ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့၌ ဆီထွက်သီးနှံနေကြာ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆွေးနွေး



MNP - နိုဝင်ဘာ  ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နေကြာသီးနှံလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်လုံးချမ်းသာ သာသနာ့ ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်အဆင့်စိုက်ပျိုးထုတ်လုပ် မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းဝင်နှင့် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်မင်းတို့မှ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှစားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်‌ရေး၊ ပြည်တွင်းစားသုံးဆီဈေးကွက် ပိုမိုရရှိစေ‌ရေး၊ ဆီထွက်သီးနှံနေကြာလျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံခြားငွေအသုံးပြုမှု လျော့နည်းသက်သာလာစေရေး စသည့်အကြောင်းအရာများအား ရှင်းလင်း ပြောကြားဆွေးနွေးခဲ့ပြီး ခရိုင်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာမှ ဆောင်းသီးနှံနေကြာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးရန် လိုအပ်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်အဆင့်လုပ်ငန်းအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များက ဆီထွက်သီးနှံနေကြာ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ နည်းစနစ် မှန်ကန်စွာမြေပြုပြင်ပေး‌ရေးတို့အတွက် သက်ဆိုင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များ မေးမြန်းဆွေနွေးတင်ပြခဲ့ကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)