MNP - နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း (နဝရတ်) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲအား ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်းသည် ကျောင်းသား၊ ကျောင်းသူလေးများ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို မမေ့မလျော့ကြစေရန်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ရင်ထဲတွင် ထာဝစဉ် ကိန်းအောင်နေစေရန်အတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး အဆိုပါအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ အဖွဲ့ဝင် (၂)ဦးသန်းဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းတို့က လာရောက်ကြည့်ရှု့ အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများဖြစ်သည့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် (၁၀)ဦး အလယ်တန်းအဆင့် (၉)ဦးနှင့် ပန်ချီပြိုင်ပွဲတွင် အထက်တန်းအဆင့် (၇)ဦး အလယ်တန်းအဆင့် (၁၁)ဦး စုစုပေါင်း ဝင်ရောက်ယှဉ်ပြိုင်သူ (၃၇)ဦးရှိပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြမည့် ကျောင်းသား၊ ကျောင်းသူများကို အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment