တောင်တွင်းကြီးမြို့နယ် ရန်ပယ်ပြည်သူ့အားကစားကွင်းတွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်တွင်းကြီးမြို့နယ် ရန်ပယ်ပြည်သူ့အားကစားကွင်းတွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ကျင်းပ

 


MNP - နိုဝင်ဘာ ၃၀


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ရန်ပယ်ပြည်သူ့အားကစားကွင်းတွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ရွေးချယ်ရေး (မြို့နယ်အဆင့်)ပြိုင်ပွဲများအတွက် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ယနေ့နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးရာတွင် မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၈၀၀)အပြေးပြိုင်ပွဲ(ကျား)၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲ(မ)၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင် စသည့် ကိုယ်ကာယယကြံ့ခိုင်မှု စစ်ဆေးခြင်းများကို မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူး ပေါင်း ဆောင်ရွက်ခဲ့သည်။


မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ရေးဖြေစာမေးပွဲကို နိုဝင်ဘာ(၂၈)ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်တို့ကိုလည်းကောင်း၊ နိုဝင်ဘာ (၂၉) ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအားလည်းကောင်း တောင်တွင်းကြီးမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းတွင် အသီးသီး ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ Grade 9 /10/11 အတန်းများမှ ကျောင်းသား၊ ကျောင်းသူ စုစု ပေါင်း(၇၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)