မြို့သစ်မြို့မှ ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ ကုန်ကြမ်းဈေးတက်သော်လည်း သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့မှ ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ ကုန်ကြမ်းဈေးတက်သော်လည်း သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ရောင်းချ



MNP -  နိုဝင်ဘာ  ၂၄


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကွန်ကရစ်ပစ္စည်းများကို ပြုလုပ်ကာပြည်သူများ အလွယ်တကူအသုံးပြုနိုင်ရန်အတွက် ပုံမှန်ထုတ်လုပ်၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


၎င်းလုပ်ငန်းသည်ဘိလပ်မြေနှင့် သဲရောစပ်ကာပြုလုပ်ရသည့် လုပ်ငန်းဖြစ်ပြီးဘိလပ်မြေ တစ်အိတ်လျှင်ငွေ ကျပ်(၉၅၀၀)နှင့်သဲ တစ်စီးလျှင် ငွေကျပ်(၂၅၀၀၀)ကျပ်ခန့် ကုန်ကျကာရေထည့်ရန်အတွက် ကျောက်စည်ပြုလုပ်ရာတွင် သံချောင်းကိုအသုံးပြရသည့်အတွက် ကုန် ကျစရိတ်များရှိသေးကြောင်း ပစ္စည်းရောင်းချရာတွင် ဈေးနှုန်းကိုလည်း အနည်းငယ်မျှလောက်သာ တင်ယူထားကြောင်း ကွန်ကရစ်ပစ္စည်း ပြုလုပ်ရောင်းချနေသူဦးမျိုးဝင်းက ပြောသည်။


"ကျနော်တို့က ဧရာဝတီတိုင်းဘက်ကပါ၊ ဒီမြို့နယ်မှာ ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ မရှိသေးဘူး၊ သုံးဆွဲသူတော့ရှိကြတယ်လို့ အသိ မိတ်ဆွေတွေထံက တဆင့်သိရလို့ စမ်းကြည့်မယ်ဆိုပြီး လုပ်ကြည့်တာမဆိုးပါဘူး လုပ်ငန်းလည်ပတ်မှုတော့ရှိပါတယ်ဟု ၎င်းကဆက် လက်ပြောသည်။


မြို့သစ်တွင် ပြုလုပ်ရောင်းချလျက်ရှိသည့်ကွန် ကရစ်ပစ္စည်းများမှာရေထည့်ကျောက်စည်၊ ကွန်ကရစ်ကျောက်တိုင်၊ မိလ္လာကန်သုံးကျောက်ဂွေ၊ မိလ္လာကန်အဖုံးကျောက်ပြား၊ ကွန်ကရစ်ဖနပ်တိုင်(အကြီး/အသေး)ဆိုဒ်စုံနှင့် အခြားကွန်ကရစ်ပစ္စည်းများလည်း ပြုလုပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)