အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်များ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်များ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုကွင်းဆင်းစစ်ဆေး



MNP - နိုဝင်ဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ဆန်စက်မီးဘေးလုံခြုံရေး‌ ဆောင်ရွက်ထားမှုအခြေအနေများအား စစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ် ဦးစီးမှူးဦး‌ ဆောင်သောအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်ထွေးဦးဆောင်၍ မြို့ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ဆန်စက်များအရေးပေါ် မီးလောင်မှုဖြစ်ပွားပါက ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိ/မရှိစစ်ဆေးခြင်း၊ ရေလုံလောက်စွာရရှိရေးအတွက် အုတ်ရေလှောင်ကန်များထားရှိခြင်းရှိ/မရှိ၊ စက်ရုံမီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိခြင်းရှိ/မရှိ၊အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက စက်ရုံပရဝဏ်အတွင်း မီးသတ်ယာဉ်ဝင်ရောက်နိုင်မှုရှိ/မရှိစသည့် ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုများစစ်ဆေးခဲ့ပြီး လိုအပ်သည့် မီးသတိပြုရေးကိစ္စရပ်များအား သက်ဆိုင်ရာလုပ်ငန်းရှင်အား ဆွေးနွေးမှာကြားခဲ့ ကြောင်းသိရသည်။


 သတင်း - မန်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)