မော်လိုက်မြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

 



MNP - နိုဝင်ဘာ  ၁၂


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ ကျောင်းသား/သူလေးများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ပေးရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ ဥပဒေများနှင့် ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်း၏ ဖြစ်စဉ်များအား သာဓကများနှင့် အသိ ပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူလေးများက သိရှိလိုသည်များအား ပြန်လည်မေးမြန်းခဲ့ကြ ကြောင်းနှင့် ကျောင်းသား/သူလေးများအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ယူ ထုတ်ဝေသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြ သည်။


ယင်းနောက် ကျောင်းသား/သူလေးများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထား သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)