မုံရွာမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများ အား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်မွမ်းမံ သင်တန်း (ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ) ဖွင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများ အား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့်မွမ်းမံ သင်တန်း (ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ) ဖွင့်ပွဲ အခမ်းအနားကျင်းပ

 


MNP - နိုဝင်ဘာ   ၁၂


ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးစနစ်ဖွဲ့စည်းပုံ KG+12(KG+5-4-3) စနစ်သို့ ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းပညာ ရေးမှူး ဦးတိုးဝင်း၏ လမ်းညွှန်မှုဖြင့်  တိုင်းဒေသကြီးပညာရေးနှင့် မုံရွာ တက္ကသိုလ်တို့ ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်  အခြေခံပညာအထက်တန်းအဆင့်၌ သင်ကြား လျက်ရှိသည့် ဆရာ/ဆရာမများအား  သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အတွက် ရည်ရွယ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမများ အား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) ဖွင့်ပွဲပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မုံရွာမြို့  အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းတွင် တက္ကသိုလ်များမှ ဓာတုဗေဘာသာရပ် နည်းပြ(၁၄)ဦးက  တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင်  အခြေခံပညာအထက်တန်းအဆင့်၌ သင်ကြားလျက်ရှိသည့် ဆရာ/ဆရာမ သင်တန်းသား/သင်တန်းသူ (၃၉)ဦးအား သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့အသုံးချ သင်ကြားခြင်း ကို နိုဝင်ဘာလ ၁၂ ရက်နေ့မှ နိုဝင်ဝင်ဘာလ(၁၃)ရက်နေ့အထိ သင်တန်းကာလ (၂)ရက်ကြာ နေ့စဉ် နံနက်(၉)နာရီမှ မွန်းလွှဲ(၃)နာရီအထိ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ် ကြောင်း သိရသည်။


အလားတူ တက္ကသိုလ်များမှ ရူပဗေဒဘာသာရပ် နည်းပြ(၁၅)ဦးက နိုဝင်ဘာလ(၁၉)ရက်နေ့မှ နိုဝင်ဘာလ(၂၀)ရက်နေ့အထိ လည်းကောင်း၊ တက္ကသိုလ်များမှ ဇီဝဗေဒဘာသာရပ် နည်းပြ (၁၀)ဦးတို့က နိုဝင်ဘာလ(၂၆)ရက်နေ့မှ နိုဝင်ဘာလ(၂၇)ရက်နေ့အထိလည်းကောင်း တိုင်းဒေသကြီးအတွင်း မြို့နယ် ပေါင်း(၃၇)မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အခြေခံပညာ အထက်တန်းအဆင့်သင် (ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ)  ဆရာ/ဆရာမ(၃၅၃)ဦးအား စာတွေ့လက်တွေ့သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)