နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် ရှေးဟောင်းလောကရန်ပြေ ဘုရားထီးတော်တင်လှူပွဲနှင့် အနေကဇာတင် ပူဇော်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာတွင် ရှေးဟောင်းလောကရန်ပြေ ဘုရားထီးတော်တင်လှူပွဲနှင့် အနေကဇာတင် ပူဇော်ပွဲ ကျင်းပ




MNP - နိုဝင်ဘာ   ၂၁


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၏ အရှေ့ဘက်(၂)မိုင်ခန့်အကွာ  န/လက်ခုပ်ပင်ကျေးရွာ သီရိမင်္ဂလာ တောင်ကျောင်းတိုက်ရှိ ရှေးဟောင်းလောကရန်ပြေ ဘုရားထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်ကျော် (၁၃)ရက်နေ့ နံနက်(၈)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ထီးတော်တင်လှူပွဲနှင့် အနေကဇာတင်ပူဇော်ပွဲသို့ နတ်မောက်မြို့ ဘုရားကြီးကျောင်းတိုက် ပဓာနဆရာတော် ဘန္ဒတ္တဦးဥပ္ပလမှ အနုမောဒနာတရားမြွက်ကြားပြီး ဆရာတော်သံဃာတော်တို့မှ အနေကဇာတင်ပူဇော်ခြင်း ပြုလုပ်ကြသည်။


“ကျုပ်တို့ဒေသမှာ ဒီလိုဗုဒ္ဓရဲ့အဆုံးအမအတိုင်း စေတီဘုရားပြင်တာ၊ ထီးတော်တင်လှူကြတာက ဘုရားကြိုက်တဲ့အလုပ်ပါ။ ကောင်းတာလုပ်တဲ့အတွက် ကောင်းတာတွေဖြစ်လာကြမှာပါ။ ဒီနေ့ပွဲကိုလာကြတဲ့ ဒကာဒကာယိမရွာသူရွာသားတွေရဲ့ မျက်နှာတွေကို ကြည့်လိုက်ရင် ပျော်ရွှင်ကြည်နူး အေးချမ်းနေကြတာ တွေ့ရတော့ ဘုန်းကြီးတို့ပီတိဖြစ်ရတယ်၊ လောကကြီးအေးချမ်းစေချင်တယ်၊ ဒါကြောင့်လဲ စေတီကို လောကရန်ပြေဘုရားလို့ဘွဲ့တော် အမည်နာမပေးပြီး ပူဇော်ရတာပါ”  ဟု ဆရာတော်ကြီးကမိန့်ကြားသည်။


လောကရန်ပြေဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း(၆၇)ခုနှစ်ခန့်က တည်ထားခဲ့ခြင်းဖြစ်ပြီး  နှစ်ကာလ ကြာမြင့်လာ၍ပျက်စီး ယိုယွင်းမှုများ ရှိလာသဖြင့် မန္တလေးမြို့နေ ဘုရားဒါယကာ ဦးသက်ထွန်းနှင့် ဇနီးဒေါ်အေးအေးသင်းမိသားစု၊ ညီအစ်ကိုမောင်နှမများက အသစ်မွမ်းမံ ပြင်ဆင်ခြင်း၊ ထီးတော်တစ်ဆူအသစ် တင်လှူပူဇော်ခြင်း၊ ကျေးရွာအလှူရှင်များက ဘုရားရင်ပြင်တော်တွင် ကျောက်ပြားခင်းကျင်းဖြင့် ကုသိုလ်ယူပူဇော်ကြခြင်းဖြစ်သည်။


သတင်း - မူမူစန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)