ကန့်ဘလူမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ၈၀ ရာခိုင်နှုန်းကျော်ပြီးစီး



MNP - နိုဝင်ဘာ   ၂၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်ရနိုင်ရန် ရည်ရွယ်၍ အကောက်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နတ်ပေးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားသုံးစင်းတို့ကို တည်ဆောက် လျက်ရှိရာ ယခုအခါ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


ထိုသို့ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ယာယီမြို့နယ် ဦးစီးမှူး ဒေါ်ခိုင်မာလာဝင်းနှင့် အင်ဂျင်နီယာတို့က ကျေးရွာကော်မတီဝင်များနှင့်အတူ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာအချိန်မီပြီးစီးရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။


အဆိုပါ နတ်ပေးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း လမ်းအရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ ဂျင်းမြေသားလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၉၂ ဒသမ ၇၅၁ သန်းဖြင့် တင်ဒါအောင်မြင်သော Globalize ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်း ပြီးစီးပါက ကျေးရွာပြည်သူများ၏ လယ်ယာမြေဧက ၇၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)