မော်လမြိုင်ကျွန်းမြို့နယ်တွင် ပုသိမ်အကယ်ဒမီ U-14 ဘောလုံးအသင်းနှင့် မြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် ပုသိမ်အကယ်ဒမီ U-14 ဘောလုံးအသင်းနှင့် မြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ

 



MNP - နိုဝင်ဘာ  ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုသိမ်‌ဘောလုံးအကယ်ဒမီ U-14 အသင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲအား ယနေ့ညနေ ၃ နာရီခွဲအချိန်က မြို့မပြည်သူ့ ဘောလုံးအားကစားကွင်း၌ ဆောင်ရွက်သည်။


အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် ပုသိမ်ဘောလုံးအကယ်ဒမီ U-14 အသင်းမှ မော်လမြိုင်ကျွန်း U-14 အသင်းအား အနိုင်ရရှိခဲ့ပြီး ချစ်ကြည်ရေးကစားခဲ့သော အားကစားအသင်း (၂) သင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ချီးမြှင့်သော ဂုဏ်ပြုဆုငွေများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်၊ မြို့နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


သတင်း - အောင်အောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)