တောင်ငူ၌ ဒုတိယအကြိမ်မြောက် ပဌာန်းရွတ်ဖတ်အောင်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူ၌ ဒုတိယအကြိမ်မြောက် ပဌာန်းရွတ်ဖတ်အောင်ပွဲ အခမ်းအနားကျင်းပ

 


MNP - နိုဝင်ဘာ   ၇


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် တောင်ငူမြို့နယ် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂန္တဝင်ကိုးခမ်းသိမ်တော်ကြီးတွင် ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ်မြောက် ပဌာန်းရွတ်ဖတ်အောင်ပွဲ အခမ်းအနားကျင်းပသည်။


ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့ရှိခိုးဖွင့်လှစ်ပြီး တောင်ငူမြို့ ရွှေဆံတော်မရမ်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။


ယင်းနောက် သြဝါဒဆရာတော်ကြီးများထံမှ တက်ရောက်ကြသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ပရိတ်တရားများနာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ ရွှေဆံတော်မရမ်းကျောင်းတိုက် ဆရာတော်မှ အနုမောဒနာတရာများ ဟောကြားပြီး အခမ်းအနားအား ရေစက်သွန်းချအမျှဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)