ပူတာအိုမြို့၌ဌာနဆိုင်ရာများနှင့်အလှူရှင်များစုပေါင်း၍မဟာဘုံကထိန်အလှူတော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအိုမြို့၌ဌာနဆိုင်ရာများနှင့်အလှူရှင်များစုပေါင်း၍မဟာဘုံကထိန်အလှူတော်ပွဲကျင်းပ



MNP - နိုဝင်ဘာ   ၇


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ပူတာအိုမြို့ မြို့မရပ်ကွက် တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့်ဧည့်ပရိသတ်များက "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပြီး ပန်းလှိုင်ဆရာတော် ဘဒ္ဒန္တပညိန္ဒထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။


ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်တရားချီးမြှင့်တော်မူပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများက ကထိန်လျာသင်္ကန်းများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။


အဆိုပါ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များက ကထိန်လျာသင်္ကန်းနှင့် မဟာဘုံကထိန် အလှူတော်ငွေ စုစုပေါင်း ကျပ်သိန်း (၃၄,၈၄၅၀၀) တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)