ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ



MNP - နိုဝင်ဘာ ၂၇


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင်  တာဝန်ထမ်း ဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး တစ်ဦးနှင့်တစ်ဦး၊ ဌာန တစ်ခုနှင့်တစ်ခု ပိုမိုချစ်ကြည်ရင်းနှီးစေရန် ရည်ရွယ်ပြီး ကျင်းပြုလုပ်သော ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဌာန‌ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အမှတ်(၁)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးဝင်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်း၌ ယမန်နေ့ ညနေ ၁၆ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားဌာနပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မြို့နယ်ထွေ/အုပ်အသင်းနှင့် မြို့နယ်လယ်စီ/စာရင်းအင်း အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။


ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြိုင်ပွဲဝင်ဘောလုံးအသင်း (၁၃)သင်းမှ အားကစားသမားများကို ကျေးဇူးတင်စကားပြောကြားရာတွင် “အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယခုလို ပြိုင်ပွဲကိုပါဝင် ယှဉ်ပြိုင်ကြလို့ ကျေးဇူး တင်ပါကြောင်း၊ ဌာနများရဲ့ စည်းလုံးညီညွတ်မှုကိုလည်း တွေ့မြင်ရပါ ကြောင်း၊ နောက်နောင်တွင်လည်း ယခုလို အင်းတိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်ကြစေလိုပါကြောင်း၊ အားကစားပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” တို့ကိုထည့်သွင်းပြောကြားခဲ့သည်။ 


ယင်းနောက် ဖူဆယ်ဘောလုံးပြိုင်တွင် ပွဲစဉ်တစ်လျှောက် အစ/အဆုံး ကူညီဆောင်ရွက်ပေးခဲ့ သောဒိုင်လူကြီးများအား ဂုဏ်ပြုဆုများနှင့် ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူအသီးသီးမှလည်းကောင်း၊ ဂိုးသမားအကောင်းဆုံးဆုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးမှလည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုကို ဒေသစီမံကိန်းဦးစီးမှူးမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုကို ဒေသဥပဒေအရာရှိမှလည်းကောင်း၊ နှစ်သိမ့်ဆုကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမျိုးဇော်သန်းမှလည်းကောင်း၊ တတိယဆုရရှိသွားသော ဒေသထွေ/အုပ်(က)အသင်းကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦးမှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော မြို့နယ်ထွေ/အုပ်အသင်းကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်မှလည်းကောင်း၊ ပထမဆုရရှိသွားသော မြို့နယ်လယ်စီ/စာ ရင်းအင်းအသင်းကို ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေမှလည်းကောင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲဝင် အသင်းများနှင့် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရသည်။ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)