ကျောက်ဆည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၁၀၀) အား ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၁၀၀) အား ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်




MNP - နိုဝင်ဘာ   ၁၆


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်တွင်   မူကြိုအရွယ်ကလေးငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေး သူငယ်ဥပဒေ ပြဌာန်းချက်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗဟုသုတအခြေခံကောင်းများဖြင့် မူလတန်းကျောင်းများသို့ ဝင်ရောက်စေနိုင်ရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်ထားသော မူလတန်း ကြိုကျောင်းတွင် ယနေ့နံက်(၁၀) နာရီက ကျောင်းသား/ ကျောင်းသူများ (၁၀၀) အား ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက  အခမ်းအနားဖြင့် ကျောင်းဝတ်စုံများပေးအပ်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ မိမိကိုယ်ကိုယုံကြည်မှုစိတ်များ ကိန်းအောင်းစေပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေအကျင့်များရရှိစေရန်နှင့် ကျောင်းသား/ ကျောင်းသူများ ပြင်ပကစားရန်နေရာ အရိပ်ရရှိရေးအတွက် အရိပ်ရအဆောက်အအုံတစ်ခုလည်း ဆောက်လုပ်လျက်ရှိပါကြောင်း၊ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူလတန်းကြို ကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီမြင့်နှင့်အတူ ကျောင်းသား/ ကျောင်းသူ (၁၀၀)အား ကျောင်းဝတ်စုံ(၁၀၀)စုံ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မူလတန်းကြိုကျောင်းသည် ကျောက်ဆည်မြို့ ပတ္တာကျေးရွာအနီးတွင် ၂၀၂၂ ခုနှစ် မေလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအားလက်ခံပြီး ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် မူလတန်းကြိုပညာရပ်များဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)