MNP - နိုဝင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများသည် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အားကစားပစ္စည်း ထောက်ပံပေးအပ်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ဗောဓိရုက္ခ အလယ်တန်းကျောင်းနှင့် ကြို့ပင်သာ မူလတန်းလွန်ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားဦးစီးမှူး ဦးမြင့်နိုင်က အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့အကျိုးပြု သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးတို့အတွက် အားကစားစိတ်ဓါတ်နှင့် အတူကာယအင်အား၊ ဉာဏ်ရည်တို့ပူးပေါင်း၍ နေ့စဉ်နေထိုင်သွား လာတတ်စေရန်နှင့် အမြဲတမ်းလေ့လာလိုက်စားရမည့် အားကစားအမျိုးအစားများ အကြောင်းတို့ကို အသိပညာပေး ဟောပြောပြီး အားကစားပညာရှင်များက အားကစားနည်းများကို သရုပ်ပြကစားခဲ့ကြသည်။
ထို့နောက် ဗောဓိရုက္ခ အလယ်တန်းကျောင်းနှင့် ကြို့ပင်သာ မူလတန်းလွန်ကျောင်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအုပ်ဆရာကြီးများထံ ဖူဆယ်ဘောလုံးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇေယျာထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment