ဝေးလံခေါင်းပါးသောဒေသတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော တပ်မတော်သား ဆေးဆရာဝန်များအား လဟယ်မြို့မှ နွေးထွေးစွာကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေးလံခေါင်းပါးသောဒေသတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသော တပ်မတော်သား ဆေးဆရာဝန်များအား လဟယ်မြို့မှ နွေးထွေးစွာကြိုဆို




MNP - နိုဝင်ဘာ  ၁၉


စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လဟယ်မြို့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်ဖြင့်ဝေးလံခေါင်းပါး၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော နာဂဒေသခံပြည်သူများကျန်းမာရေး စောင့်ရှောက်ရန် ရောက်ရှိလာသောတပ်မတော်မှ ဆေးပါရဂူများ၊ ဆေးဆရာဝန်များသည်ယမန်နေ့ မွန်းလွဲပိုင်းက လဟယ်သို့ရောက်ရှိခဲ့ရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးဇာနည်ဝင်းနှင့် ဌာနဆိုင်ရာများ၊ လဟယ်မြို့နယ် နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့၊ မြို့နယ်ဆရာဝန် ဒေါက်တာဝိုင်းအောင်နှင့် ဆရာ/မများကလဟယ်ပြည်သူ့ဆေးရုံရှေ့၌ နွေးထွေးစွာကြိုဆို နှုတ်ဆက်ကြသည်။


ထို့နောက် လဟယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တွေ့ဆုံမိတ်ဆက်ကြပြီး နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ မိမိတို့ နာဂဒေသရဲ့ ဒေသအခက်ခဲနှင့် ပတ်သက်၍တင်ပြပြီး တာဝန်ကျရာ နေရာသို့သွားလာရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ တပ်မတော်သားဆရာဝန်များအဖွဲ့သည် လဟယ်မြို့ပြည်သူ့ဆေးရုံတွင်(၂)ဦး (မေ့ဆေးပါရဂူနှင့် ဇီဝဓာတုဗေဒပါရဂူ)၊ ယမ်းကြုံးကျေးလက်ကျန်းမာရေးဌာနတွင်(၂)ဦး လဟယ်မြို့နယ်တွင် စုစုပေါင်း(၄)ဦးနှင့် နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့တွင် တာဝန်ထမ်းဆောင်မည့် တပ်မတော်ဆေးဆရာဝန်(၂)ဦးဖြစ်ပြီး နာဂဒေသတွင်(၂)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)