မိုးနဲမြို့နယ်၌ ကျောင်းအုပ်စုအဆင့် စနစ်သစ် (Grade-5) သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ကျောင်းအုပ်စုအဆင့် စနစ်သစ် (Grade-5) သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

 


MNP - နိုဝင်ဘာ   ၁၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ကျောင်းသား၊ကျောင်းသူ အနာဂတ်မျိုးဆက်သစ် လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉)နာရီက ကျောင်းအုပ်စုအဆင့် စနစ်သစ်(Grade-5) သင်္ချာ စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးက ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်း ကျောင်းအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ (Grade-5) ကျောင်းသား၊ ကျောင်းသူ  (၁၈)ဦးက သင်္ချာစွမ်းရည်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ အလားတူ နမ့်မော်ဆွမ့် (အလက) ကျောင်းလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးညွန့်ရွှေ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)