လဲချားတွင် ရှမ်းနှစ် (၂၁၁၇)နှစ်အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားတွင် ရှမ်းနှစ် (၂၁၁၇)နှစ်အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများ ကျင်းပ




MNP - နိုဝင်ဘာ  ၂၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရှမ်းနှစ် (၂၁၁၇)နှစ်အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲများကို အား/ကာဦးစီးဌာနမှ ဦးဆောင်၍ယမန်နေ့ နေ့လည် (၁)နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။


ရှေးဦးစွာ အား/ကာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းကို ပြိုင်ပွဲဝင် အားကစားသမားများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကို စတင် ယှဉ်ပြိုင် ကစားခဲ့သည်။


ရှမ်းနှစ် (၂၁၁၇)နှစ်အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်အသင်း (၈)သင်း၊ ကြက်တောင်နှစ်ဦးတွဲ (၁၃)သင်း၊ စားပွဲတင်တင်းနစ်နှစ်ဦးတွဲ (၁၄)သင်း၊ ယနေ့အထိ ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)