လားရှိုးမြို့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲအခမ်းအနားကျင်းပ

 



MNP - နိုဝင်ဘာ   ၅


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီပရဝုဏ်အတွင်းရှိ ပြည်သူ့ဥယျာဉ်တော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများအား ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကတို့ဖြင့် ကြိုဆိုခဲ့ကြပြီး တိုင်းမှူးက “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် ပြည်သူများနေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ကျန်းမာရွှင်လန်းသော လူမှုပတ်ဝန်းကျင်ပိုင်ဆိုင်ရေးအတွက် ကိုယ်စိတ်နှလုံးချမ်းမြေ့ဖွယ်ရာ မျက်စိပသာဒဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွှတ်သည့် ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးရန်ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ ပြည်သူ့ဥယျာဉ်အား တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တည်ဆောက်ရေးအတွက် အဖက်ဖက်မှ ပါဝင်ကုသိုလ်ယူကြသော ကုသိုလ်ရှင်၊ အလှူရှင်များကိုလည်း ဒေသခံတိုင်းရင်းသား ပြည်သူများမှ အထူးပင်ကျေးဇူးတင် သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါကြောင်း၊ ဖွဲ့စည်းပေးထားသော ဂေါပကနှင့်ကော်မတီများ၊ ဒေသခံပြည်သူများက ဥယျာဉ်တော်ကြီး ရေရှည်တည်တံ့သာယာလှပရေး ဝိုင်းဝန်းကူညီထိန်းသိမ်းကြရန် အလေးအနက်မှာကြားလိုကြောင်း” ပြောကြားခဲ့သည်။


ဆက်လက်၍ လားရှိုးမြို့ မြို့မိ/မြို့ဖများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့သည်။ အစီအစဉ်အရ ပြည်သူ့ဥယျာဉ်အား အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ လားရှိုးမြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးကျော်ဇင်၊ ရန်တိုင်းအောင် ပေါပကဥက္ကဋ္ဌ ဦးဌေးအောင်ကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ပြည်သူ့ဥယျာဉ်ကမ္မည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းခဲ့ကြသည်။


ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဧည့်သည်တော်များက ပြည်သူ့ဥယျာဉ်အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်ပတ်ပတ်လည်ခင်းကျင်းထားသော စေတနာရှင်၊ အလှူရှင်များ၏ နိဗ္ဗာန်ဈေး အား လှည့်လည်အားပေးခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းအောင်ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)