နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

 



MNP - နိုဝင်ဘာ   ၅


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ အသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၁ ခုနှစ်တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် အတည်ပြုပါဝင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့် အညီ ကလေးသူငယ်ဥပဒေကို ၁၉၉၁ ခုနှစ်နှင့် ကလေးသူငယ် နည်းဥပဒေကို ၂၀၀၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ကလေးသူငယ် အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်ပြီး တိုင်း/ခရိုင်/မြို့နယ် CRC (Child Right Commit) ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များ အကျိုးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ အဓိက လုပ်ဆောင်ရမည့် တာဝန် (၄)ချက်၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်း စသည့်တာဝန် (၃)ရပ်၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း မူဝါဒများနှင့် မိဘမဲ့ ကလေးများအား ထောက်ပံ့ပေးမှု အခြေအနေများ စသည့် အကြောင်းအရာများအား  အသိပညာပေး ဆွေးနွေးခဲ့သည်။


အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ ဒေသခံပြည်သူ(၁၀)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက ပြန်လည်ဖြေကြားဆွေးနွေးပေး ခဲ့ကြောင်း သိရသည်။


သတင်း - လူမော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)