၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော မကွေးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားဘောလုံးအသင်းအား သောင်းသောင်းဖျဖျ ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော မကွေးတိုင်းဒေသကြီးကိုယ်စားပြု အမျိုးသားဘောလုံးအသင်းအား သောင်းသောင်းဖျဖျ ကြိုဆို



MNP - နိုဝင်ဘာ ၅


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်း ကျင်းပသော ၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသား ဘောလုံးအသင်းအား ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မကွေးမြို့ နတ်မောက်လမ်း တစ်လျှောက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများမှ သောင်းသောင်းဖျဖျကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ကြိုဆိုဂုဏ်ပြုရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများမှ မကွေးတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသားဘောလုံးပြိုင်ပွဲ  ဘောလုံးအသင်းသား များ၊ နည်းပြအဖွဲ့ဝင်များနှင့် အုပ်ချုပ်သူတာဝန်ရှိသူများအား ပန်ကုံးများ၊ သပြေပန်းများဖြင့် ကြိုဆို ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးအသင်းသည် ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့မှ နိုဝင်ဘာလ(၃)ရက်နေ့အထိ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်း ကျင်းပသောအသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)