သာယာဝတီမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ ၅ ဦးအား ဂုဏ်ပြုဆု ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ ၅ ဦးအား ဂုဏ်ပြုဆု ချီးမြှင့်

 



MNP - နိုဝင်ဘာ  ၂၇


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် သာယာဝတီမြို့နယ်အတွင်း မြန်မာစာဂုဏ်ထူးရှင် ကျောင်းသား/ကျောင်း သူ ၅ ဦးအား မြန်မာစာဂုဏ်ထူးဆောင် ဆရာကြီးပီမိုးနင်းအား ဂုဏ်ပြုလျက် မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ပီမိုးနင်းစာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် စာကြည့်တိုက်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း (ပန်းတကာမောင်ထွန်း)က ပီမိုးနင်းစာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် မြန်မာစာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က သာယာဝတီမြို့နယ်အတွင်း ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ မြန်မာစာဂုဏ်ထူးရှင်စုစုပေါင်း (၅)ဦးရှိပြီး အနာဂတ် မျိုးဆက်သစ်ကျောင်းသားလူငယ်များ မြန်မာစာပေကို မြတ်နိုးလေးစား တန်ဖိုးထားပြီး၊ မြန်မာစာ ဂုဏ်ထူးရအောင်မြင်မှုမှာ နည်းပါးမှုရှိသနေသဖြင့် ကျောင်းသားလူငယ်များ မြန်မာပေကို မြတ်နိုးလေးစား တန်ဖိုးထားကာ မြန်မာစာပေယဉ်ကျေးမှု အဆင့်အတန်းမြင့်မားထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာလင်္ကာရ  ဂန္ထဝါစကပဏ္ဍိတ အရှင်သူမြတ်က သြဝါဒကထာမြွက်ကြားသည်။


ထို့နောက် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာဂုဏ်ထူးရရှိခဲ့ကြသည့် မောင်ညီမင်းထက်၊ မခိုင်ရွှေရည်မင်း၊ မအိမ့်ခြူးပန်၊ မဆုထက်အောင်၊ မချောစုသွယ် တို့ကိုယ်စား မြန်မာစာသင်ကြားသော ဆရာ/ဆရာမများအား တာဝန်ရှိသူများက တစ်ဦးလျှင် မြန်မာစာဂုဏ်ထူးဆောင်လက်မှတ်၊ ဆုတံဆိပ်နှင့်၊ ငွေသား ၆၅၀၀၀ ကျပ်စီအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - သန့်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)