ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံ



MNP - နိုဝင်ဘာ   ၂၂


ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လွိုင်လင်မြို့နယ်အတွင်းရှိ ပြည်သူများသို့ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးလုပ်ငန်းများ အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့ ၊မွန်းလွဲပိုင်းက လွိုင်လင်အရှေ့ ကျေးရွာအုပ်စု ၊ ခဲလောင်း-ပါဟုတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အသိပညာပေးဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်က အမှာစကား ပြောကြားရာတွင် မိမိနှင့်အတူ စီမံအုပ်ချုပ်ရေး ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် ခဲလောင်း-ပါဟုတ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ ပညာရေးကိစ္စများကို အသီးသီး ဟောပြောဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ပြည်သူများက သေချာစွာ နားထောင်လေ့လာပြီး မှတ်သားကြရန်နှင့် သိလိုသည်များကို မေးမြန်ဆွေးနွေးနိုင်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထွန်းမြင့်နိုင်က ဒေသလုံခြုံးရေးဆိုင်ရာ ကိစ္စများကို ဟောပြောသည်။ ယင်းနောက် မြို့နယ်ဥပဒေရုံးမှ ဒုတိယဥဒေအရာရှိက ပြစ်မှုဆိုင်ရာဥပဒေများ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မိမိတို့ဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိူရေးဦးစီးဌာနက နေကြာစိုက်ပျိုး ထုတ်လုပ်ရေးအကြောင်းကိုလည်းကောင်း၊ ဆက်လက်၍ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက  ကျေးလက်လမ်း ၊ ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးက ကျောင်းနေအရွယ် ကလေးများ ကျောင်းနေရေး ကိစ္စများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျွဲနွားကူးစက်ရောဂါကာကွယ်ရေး၊ ကုသရေးနှင့် ကာကွယ်ဆေးထိုးနှံရေး ကိစ္စများကိုလည်းကောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန  မြို့နယ်ဦးစီးမှူး က လက်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ဆက်လက်၍ အမှတ်(၁၁၉)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၈)မှ ဒုရဲမှူးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ကိစ္စများကိုလည်းကောင်း၊ ထို့နောက် မူးယစ်တပ်ဖွဲ့ (၂၇)မှ ဒုရဲမှူးက မူးယစ်ဆေးဝါးထုတ်လုပ်သယ်ယူရောင်းချရေးနှင့် ဖမ်းဆီးအရေးယူခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ ပြစ်မှု ပြစ်ဒဏ်များကိုလည်းကောင်း အသီးသီး ဟောပြောကြသည်။ ထို့နောက် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းခြင်းဖြေကြားခြင်းများ ဆောင်ရွက်ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အသိပညာပေးဟောပြောပွဲကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။


အဆိုပါ အသိပညာပေး‌ဟောပြောပွဲသို့ ခဲလောင်း - ပါဟုတ်ကျေးရွာများမှ ကျေးလက်နေပြည်သူ ၂၅၀ ဦးခန့်တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)