မိတ္ထီလာကွန်ပျူတာတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာကွန်ပျူတာတက္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကျင်းပ



MNP - နိုဝင်ဘာ ၂၂


မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ် ကွန်ပျူတာတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီအချိန် အဆိုပါ တက္ကသိုလ်ရှိ  ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကွန်ပျူတာတ္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာလှိုင်ဖြူဖြူမွန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ကွန်ပျူတာတက္ကသိုလ်မှ ပို့ချပေးနေသော ဘာသာရပ်များ၊ သင်ကြားပို့ချမည့် ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် မိတ်ဆက်ပေးခဲ့သည်။ ယင်းနောက် သက်ဆိုင်ရာပါမောက္ခများ၊ ဌာနမှူးများနှင့် ဆရာဆရာမများက သင်တန်းပို့ချရမည့် ဘာသာရပ်များ၏ ရည်ရွယ်ချက်များ၊ သင်တန်းနှစ်အလိုက် သင်တန်းကြားပို့ချရမည့် ဘာသာရပ်များအကြောင်းနှင့် သင်ကြားမည့် ဘာသာရပ်အလိုက်အသီးသီး ရှင်းလင်းပြောကြားခဲ့ရာ ပထမနှစ် ဝင်ခွင့်ရကျောင်းသား ကျောင်းသူများ၏ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


မိတ္ထီလာမြို့နယ် ကွန်ပျူတာတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသားကျောင်းသူ ၁၅၆ ဦးရှိကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)