ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ခြင်းနှင့် ဓမ္မဂဝေသီ တက္ကသိုလ်ဓမ္မာရုံရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ခြင်းနှင့် ဓမ္မဂဝေသီ တက္ကသိုလ်ဓမ္မာရုံရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ




MNP - နိုဝင်ဘာ   ၂၇


ဘားအံတက္ကသိုလ်၌ ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ ပွဲလမ်းသဘင်များ ဆင်ယင်ကျင်းပရာတွင် အသုံးပြုနိုင်ရန် ဓမ္မဂဝေသီတက္ကသိုလ်ဓမ္မာရုံကိုတည်ဆောက်ပြီးစီး၍ ယနေ့နံနက် ၉ နာရီခန့်က အဆိုပါဓမ္မာရုံအတွင်း သီတင်းသုံးတော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ခြင်းနှင့် ဓမ္မာရုံရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။


ဘုရားအနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဩဝါဒစရိယ ဇွဲက ပင် ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တကဝိဓဇ၊ တောင်ကလေး ပရိယတ္တိပဋိပတ္တိသာသနာ့ အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ သီရိပျံချီ ဒေါက်တာဘဒ္ဒန္တ ပညာသာမိ(တောမှီရဟန်း) အမှူးပြုသောထေရ်ကြီးဝါကြီးဆရာ တော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဆရာတော်ကြီးများက ဓမ္မာရုံအတွင်း သီတင်းသုံးတော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဆင်ယင်ကျင်း ပတော်မူကြသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ စိုးစိုးအေး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ကထိကများ၊ ဌာနမှူးများနှင့် တက်ရောက်လာသူများက ပြည်နယ်ဩဝါဒစရိယ ဇွဲကပင် ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သီရိပျံချီ ဘဒ္ဒန္တကဝိဓဇ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရဇ္ဇျယ်တော်မူသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညို ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ဌာနမှူးများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဇွဲကပင်ကျောင်းဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်းနှင့် ဆရာတော်ဘုရားကြီးများအားနေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)