မာန်အောင်မြို့နယ် သိမ္ဘလကမ်းခြေ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် သိမ္ဘလကမ်းခြေ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP ၊ နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်သိမ္ဘလကမ်းခြေသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီက သိမ္ဘလကျေးရွာအုပ်စု၊သိမ္ဗလကမ်းခြေ၌ ဆောင်ရွက်ခဲ့သည်။

     

အဆိုပါ စုပေါင်းသန့်‌ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာနှင့်ဝန်ထမ်းများ၊တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ကမ်းခြေတစ်လျှောက်ရှိအမှိုက်များကောက်ခြင်း၊စနစ်တကျစွန့်ပစ်ခြင်းများ  ဆောင်ရွက်ခဲ့ကြသည်။

       

မာန်အောင်မြို့နယ်တွင် သိမ္ဘလကျေးရွာအုပ်စု၊သိမ္ဘလကမ်းခြေသည် အားလပ်ရက်များတွင် ပြည်သူများ အနားယူ အပန်းဖြေရာ နေရာတစ်ခု ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)