ဂွမြို့တွင် ဂွချောင်းတံတားဖွင့်ပွဲနှင့် ပတ်သက်၍ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် ဂွချောင်းတံတားဖွင့်ပွဲနှင့် ပတ်သက်၍ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 


MNP - နိုဝင်ဘာ   ၁၈


ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဂွချောင်းတံတားဖွင့်ပွဲပတ်သက်၍ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဒီဇင်ဘာလ (၂၀)ရက်နေ့နောက်ပိုင်းနှင့် ဇန်နဝါရီလ(၁)ရက်နေ့အတွင်း ဂွချောင်းတံတား ဖွင့်လှစ်နိုင်ရေးလျာထားဆောင်ရွက်ထားကြောင်း၊ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်အဆင့် အကြီးအကဲများနှင့် ပြည်ထောင်စု/ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ လာရောက်မည်ဖြစ်သဖြင့် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည့်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ခေါ်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် လုံခြုံရေးကိုသတိထားဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ တံတားဖွင့်ပွဲကျင်းပနိုင်ရေးအတွက်  လိုအပ်သည့် ကော်မတီများကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ်ပြီး အောင်အောင်မြင်မြင် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဆောက်လုပ်ရေး ဝန်ကြီး ဌာနတို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ဂွချောင်းတံတားဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ တံတားအထူးအဖွဲ့မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေမြင့်ဉ္ဇူထွန်းက ဖွင့်ပွဲလိုအပ်ချက်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်ချက်များကို  ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


သတင်း - ရွှေရည်ဝင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)