မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယို တည်းဖြတ်ခြင်းသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယို တည်းဖြတ်ခြင်းသင်တန်းဆင်းပွဲ ကျင်းပ

 



MNP - နိုဝင်ဘာ   ၁၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံလူငယ်များအား တိုးတက်လာသည့် နည်းပညာရပ်များကို လိုက်ပါဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်အတွင်း လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်ရေးတို့အတွက် မိုဘိုင်းဖုန်းဖြင့်  ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။


အခမ်းအနားတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ (အတွင်းရေးမှူး) ရဲမှူးကျော်ထွန်းနိုင်က  သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် “ယနေ့ခေတ်တွင် နည်းပညာများ တိုးတက်လာသည်နှင့်အညီ ယင်းနည်းပညာများကို မှန်မှန်ကန်ကန် အသုံးပြုသူများရှိသကဲ့သို့ မသာမာသူများ၏ အပျက်သဘောဆောင်သော အသုံးပြုမှုများကိုလည်း တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ယနေ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်ကြားပေးခဲ့သော နည်းပညာများကိုလည်း မှန်မှန်ကန်ကန် အသုံးချသွားကြရန်နှင့် မိမိတို့ တတ်မြောက်သွားသကဲ့သို့ အခြားသူများကိုလည်း နားလည် တတ်မြောက်အောင် ဝေမျှသွားကြရန်” ပြောကြားသည်။


ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက် ညွှန်ကြားရေးမှူး)က သင်တန်းကာလအတွင်း ပို့ချခဲ့သော သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးခဲ့ပြီး မက်မန်းခရိုင် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြု သင်တန်းများကိုလည်း ဆက်လက် ဖွင့်လှစ်သွားနိုင်ရေး စီစဉ်ထားလျက်ရှိပါကြောင်းနှင့် ယခုသင်တန်းစာ ပို့ချချက်များကို မိမိတို့လုပ်ငန်းခွင်အတွင်း အကျိုးရှိစွာ အသုံးချသွားကြရန်” ရှင်းလင်းဆွေးနွေးသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(အတွင်ရေးမှူး) ရဲမှူးညွှန့်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အတွင်းရေးမှူး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဉမ္မာချို (လက်ထောက် ညွှန်ကြားရေးမှူး)တို့က သင်တန်းတွင် တည်းဖြတ်ခြင်းဆိုင်ရာများကို သေသပ်စွာ ဆောင်ရွက်နိုင်သည့် သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းရွှေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)