MNP ၊ နိုဝင်ဘာ ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၏ စီမံလမ်းညွန်မှုဖြင့် ရွှေကျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် မြို့နယ်ပါတီတာဝန်ရှိသူများသည် အနောက်ဘက်ကျေးရွာရှိ အကူညီလိုအပ်နေသောပြည်သူများအား သွားရောက်၍ အားပေးနှစ်သိမ့်ခြင်း စားနပ်ရိက္ခာများထောက်ပံ့လှူဒါန်းပေးခြင်းများ ဆောင်ရွှက်ခဲ့ကြောင်း သိရသည်။
သွားရောက်လှူဒါန်းခဲ့ရာတွင် ပြည်သူ (၁၈၀)ဦးရေအတွက် ဆန်၊ ကြက်ဥ၊ အလှူရန်ပုံငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး တစ်ဦးချင်းအား အားပေးနှစ်သိမ့်ခဲ့ပြီး လိုအပ်သောအကူအညီကိစ္စရပ်များအား အချိန်မရွှေးအကူညီတောင်းခံနိုင်ကြောင်း မိမိတို့အနေဖြင့်တက်စွမ်းနိုင်သည့် ကိစ္စရပ်များကို မတုံ့ဆိုင်းပဲကူညီသွားမည်ဖြစ်ကြောင်း အကျယ်တစ်ဝင့်ပြောကြား အားပေးနှစ်သိမ့်ခဲ့ရာ ပြည်သူများမှ ယခုကဲ့သို့လာရောက်အားပေး လှူဒါန်းအမှုအပေါ်ကျေးဇူးတင်ရှိပါကြောင်း ပါတီ၏ ခေါင်းဆောင် အဆင့်ဆင့်ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ရွှေကျင်မြို့နယ်အတွင်း လက်နက်ကိုင် သောင်းကျန်းသူများက ဖောက်ခွဲတိုက်ခိုက်မှုများ၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment