ဒေသဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး ဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံက လာမည့်ဒီဇင်ဘာလတွင် တာဝန်ယူကျင်းပသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး ဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံက လာမည့်ဒီဇင်ဘာလတွင် တာဝန်ယူကျင်းပသွားမည်



MNP ၊ နိုဝင်ဘာ ၁၁

ဒေသဆိုင်ရာစားနပ်ရိက္ခာဖူလုံရေး (Regninal Agricultural on Food Security) ဆွေးနွေးပွဲကို လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက တာဝန်ယူကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယနေ့အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ Video Conferencing စနစ်ဖြင့် ကျင်းပသည့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ၏ ဒုတိယအကြိမ် အစည်းအဝေး (2nd BAMM)တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များက စိုက်ပျိုးရေးထုတ်ကုန်များ ရေရှည်တည်တံ့၍ အကျိုးအမြတ်ရရှိစေရန်နှင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆုံးဖြတ်ထားမှုကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဒေသဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေး (Regninal Agricultural on Food Security) ဆွေးနွေးပွဲ တစ်ရပ်ကို မြန်မာနိုင်ငံကလာမည့် ဒီဇင်ဘာလတွင် တာဝန်ယူကျင်းပနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။


ယင်းအစည်းအဝေးသို့ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် Mr.Tenzil Lekphell ၊ အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့မှ စိုက်ပျိုးရေးဆိုင်ရာဝန်ကြီးများနှင့်အတူ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။


အဆိုပါအစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံက ကြီးမှူးကျင်းပခဲ့သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း (GAP)အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ဘင်းမ်စတက်၏ ဘုံစီမံကိန်းတစ်ခုဖြစ်သည့် တန်ဖိုးမြင့်ထွက်ကုန်များ ထုတ်လုပ်ရေးတွင် ပုဂ္ဂလိကကဏ္ဍပါဝင်လာရေး မူဝါဒနှင့်အညီ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တိုးမြှင့်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ် ထွန်းကားလာရေး အပါအဝင် ပုဂ္ဂလိကကဏ္ဍကို ဘက်စုံမှ မြှင့်တင်ပေးလျက်ရှိကြောင်း၊ အလားတူ မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပင်ဇီဝနည်းပညာများ၊ အပင်မျိုးဗီဇဆိုင်ရာ နည်းပညာများ၊ Digital Agricultural နည်းပညာများကို တီထွင်ဆန်းသစ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း။


ကိုဗစ်-၁၉ အပါအဝင် စိန်ခေါ်မှုများစွာရှိနေသည့် ယခုကာလတွင် လယ်ယာကဏ္ဍသည် ထိခိုက်မှု အနည်းဆုံးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုကို များစွာအထောက်အကူ ပြုနိုင်လျက်ရှိသကဲ့သို့ နိုင်ငံတကာဈေးကွက်သို့လည်း တင်ပို့ပေးလျက်ရှိကြောင်း၊ သို့ဖြစ်၍ နိုင်ငံများအကြား ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှုအဟန့်အတားများ ဖြေလျှော့နိုင်ရေး ကြိုးပမ်းသွားရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။


ထို့ပြင် အစည်းအဝေး၌ ဘင်းမ်စတက်စိုက်ပျိုးရေး အဆင့်မြင့်အရာရှိကြီးများ ဒုတိယအကြိမ် အစည်းအဝေး (2nd SOM-A)က တင်ပြလာသည့် အစီရင်ခံစာအား အတည်ပြုခြင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) နှင့် စပ်လျဉ်း၍ အတည်ပြုခြင်း၊ ဘင်းမ်စတက်အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာနှင့် မူဝါဒ သုတေသနဆိုင်ရာ အဖွဲ့အစည်းတို့အကြား လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း၍ အတည်ပြုခြင်း၊ တတိယအကြိမ် ဘင်းမ်စတက်စိုက်ပျိုးရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပမည့် နေရာနှင့် နေ့ရက်သတ်မှတ်ခြင်း၊ ဒုတိယအကြိမ် ဘင်းမ်စတက် စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက် အတည်ပြုခြင်းတို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။


အစည်းအဝေး ပထမနေ့တွင် ကျင်းပခဲ့သည့် ဘင်းမ်စတက် စိုက်ပျိုးရေး အဆင့်မြင့်အရာရှိ ကြီးများ ဒုတိယအကြိမ် အစည်းအဝေး Second Senior Official’s Meeting on Agriculture (2nd SOM-A)တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆွေလင်းက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ပြီး အဋ္ဌမအကြိမ် ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးအစီရင်ခံစာ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ နဝမအကြိမ် ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ကျွမ်းကျင်ပညာရှင်များ အစည်းအဝေးအစီရင်ခံစာ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ ဘုံစီမံကိန်း ခုနစ်ခု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ ဘင်းမ်စတက်စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)အား ဆွေးနွေးခြင်း၊ ဘင်းမ်စတက် အဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာနှင့် မူဝါဒသုတေသနဆိုင်ရာ အဖွဲ့အစည်းတို့အကြား လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ငါးလုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍခွဲအား ဒုတိယအကြိမ် ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးနှင့် ဒုတိယအကြိမ် ဘင်းမ်စတက်စိုက်ပျိုးရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ ကြီးကြပ်မှုအောက်တွင် ထားရှိမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)