သဲကုန်းမြို့နယ်၌ (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်၌ (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်





MNP ၊ နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် ၊ သဲကုန်းမြို့နယ်တွင် နေ့ နံနက်ပိုင်းက ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ( ၃၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာတွင် သဲကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ဦးဆောင်၍အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှဝန်ထမ်း များက သဲကုန်းမြို့နယ် ကန်သာယာရေလယ်ဘုရား ပတ်ဝန်းကျင်နှင့် ဘုရားရင်ပြင်တော်တွင်   တံမြက်စည်းလှဲခြင်း ၊  ဘုရားဝန်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း အမှိုက်များရှင်းလင်းခြင်းများအား စုပေါင်းကုသိုလ်ပြုဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။


ဝင့်နန္ဒာဌေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)