မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (၃၃)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (၃၃)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကျင်းပ


MNP ၊ နိုဝင်ဘာ ၂၅

မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ၁-၁၀-၂၀၂၁ ရက် မှ ၃၁-၃-၂၀၂၂ရက်အထိ ခြောက်လဘတ်ဂျက် (၃၃)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးအား မြဝတီဘဏ် အစည်းအဝေးခန်းမ နေပြည်တော်၌ ယနေ့ နံနက် ၉ နာရီတွင်  ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့် အညီကျင်းပရာ မြန်မာ့ စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ၊ အစုရှယ်ယာရှင် ကိုယ်စားလှယ်များ စုံလင်စွာ တက်ရောက်ကြသည်။


ဦးစွာ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏  ဒါရိုက်တာအဖွဲ့ အစီရင်ခံစာကို ဒါရိုက်တာ ဦးယုလွင်ကလည်းကောင်း၊ ကုမ္ပဏီ၏ နှစ်ချုပ်စာရင်းရှင်းတမ်းနှင့်  စာရင်းစစ် အစီရင်ခံစာကို မြန်မာနိုင်ငံ စာရင်းကောင်စီမှ အသိအမှတ်ပြုထားသော ဦးလှထွန်းနှင့် အဖွဲ့လီမိတက်  (ပြင်ပစာရင်းစစ်အဖွဲ့)မှ ဦးမောင်မောင်အောင်က လည်းကောင်း၊ အမြတ်ဝေစုခွဲဝေပေးမှု အခြေအနေကို ဒါရိုက်တာဦးသန်းဝင်းက လည်းကောင်း ရှင်းလင်းတင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကို မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)