လှိုင်းဘွဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေများဖြင့် စိုက်ပျိုးသွားမည့် နေကြာစိုက်ခင်းအတွက် တောင်သူများ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေများဖြင့် စိုက်ပျိုးသွားမည့် နေကြာစိုက်ခင်းအတွက် တောင်သူများ မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုး

 


MNP - နိုဝင်ဘာ ၂၂


ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်အတွင်းရှိကျေးရွာများ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည် ရန်ပုံငွေများဖြင့် နေကြာပင်မှ နေကြာဆီထုတ်လုပ်နိုင်ရေးအတွက်  တောင်သူများ အနေဖြင့် မိုးစပါးရိတ်သိမ်းပြီးနောက်မြေကြီး  အစိုဓါတ်ရှိနေချိန်များတွင်နေကြာပျိုးပင် မျိုးစေ့ချနိုင်ရေး လယ်ထွန်စက်များအသုံးပြု၍ ထယ်ထိုး၊ ထွန်မွှေ၊ မြေပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


နေကြာစိုက်ပျိုးကြသည့်တောင်သူများအနေဖြင့် ထွန်ယက်၊မြေပြင်ခြင်း၊မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် မြိူ့နယ် စိုက်ပျိူးရေး တိုးတက်မြှင့်မားရေး ကြီးကြပ်မှုအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက သမ္ဘာန်ကျေးရွာအုပ်စု၊ ရွာသာ အေးကျေးရွာသို့သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။


မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများဖြင့် ကွင်းဆင်းကြီးကြပ်ပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးက မြေ အချဉ်၊အငံဓါတ်တိုင်းတာပေးခြင်း၊ ဌာနတွင်ရှိသည့်   မျိုးစေ့ချကိရိယာများကို ကူညီငှားရမ်းပေးခြင်း၊တစ်ဧကစိုက်ကွက်အတွင်း သတ်မှတ်ထားသည့်ပျိုးပင်အရေ အတွက်မှန်ကန်စွာဖြင့် မျိုးစေ့ချစိုက်ပျိုးသွားနိုင်ရေး၊ မျိုးစေ့အလေအလွင့်မရှိစေရေးအတွက် နည်းစနစ်များကိုလက်တွေ့ရှင်းပြပေးခဲ့သည်။


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့်  လှိုင်းဘွဲမြို့နယ်အတွင်း၌   ပြည်တွင်းဆီဖူလုံစေရေးအတွက် နေကြာစိုက်ပျိုးရန်လျာထားချက်မှာ ဧက(၅၀၀)ဖြစ်ကြောင်း၊နိုင်ငံတော်အစိုးရမှ နေကြာစိုက်ပျိုးရန်   ၁ ဧကလျှင် ငွေ(၁၂၀၀၀၀)ကျပ်၊ မြေပဲ ၁ ဧကလျှင် ငွေကျပ် (၂)သိန်း၊ နွေစပါး  ၁ ဧကလျှင် ငွေကျပ် (၂)သိန်းနှုန်းဖြင့် တောင်သူများကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


သတင်း - လင်းသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)