ခင်ဗျားတို့ရှေ့မှာ အနစ်နာခံဖို့ အဆင်သင့်ရှိနေဆဲပဲ ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ အကြမ်းဖက်ဘေးအန္တသင့် ပါတီဝင်/ပြည်သူများနဲ့ တွေ့ဆုံစဉ် ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဗျားတို့ရှေ့မှာ အနစ်နာခံဖို့ အဆင်သင့်ရှိနေဆဲပဲ ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ အကြမ်းဖက်ဘေးအန္တသင့် ပါတီဝင်/ပြည်သူများနဲ့ တွေ့ဆုံစဉ် ဦးခင်ရီ ပြောကြား





MNP ၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးကို ရောက်ရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပါတီဝင်များ/ပြည်သူများနဲ့ တွေ့ဆုံစဉ် ခင်ဗျားတို့ရှေ့မှာ အနစ်နာခံဖို့ အဆင်သင့်ရှိနေဆဲပဲ၊ ရှေ့ခရီးမှာ သားသမီးတွေအတွက် ဘာလုပ်မလဲဆိုတာ စဉ်းစားရမယ်။ ကူညီပေးဖို့ ၊ နားထောင်ဖို့၊ ဖြေရှင်းဖို့ ကျွန်တော်လာခဲ့တာပါ။ အချိန်တစ်ခုရောက်လာတဲ့အခါမှာ မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်၊ ရှေ့တစ်လှမ်းတိုးကြပါစို့" ဟု အားပေးစကားပြောကြားသွားခဲ့ပါတယ်။


ဦးခင်ရီက "မနေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရီးစဉ်သွားတော့ ဟုမ္မလင်း လေဆိပ်မှာ လေယာဉ်ခဏနားရင်း ပါတီဝင်နဲ့ တွေ့သင့်တွေ့ထိုက်သူ အနည်းအငယ်ကို မိုးတိုးမတ်တပ်နဲ့ (၁၅)မိနစ်လောက် ပါတီကိစ္စ၊ လုံခြုံရေးကိစ္စတွေ စကားပြောခွင့်ရခဲ့တယ်။ မုံရွာမြို့ကို မနက်ပိုင်းရောက်ပြီးတာနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီရုံးချုပ်မှာ တိုင်းနဲ့ ခရိုင်/မြို့နယ်အချို့က ပါတီဝင်တွေနဲ့ တွေ့ဆုံ ခဲ့သလို အစောပိုင်းကာလ အကြမ်းဖက်သတ်ဖြတ်မှုတွေ မြင့်တက်နေချိန်မှာ နစ်နာခံစားခဲ့ရတဲ့ ပါတီဝင်မိသားစုနဲ့ ပါတီမိတ်ဆွေ ပြည်သူအချို့ အပါအဝင် (၁၅၀)ဦးနဲ့လည်း တွေ့ဆုံနိုင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဟာ ဧရိယာစတုရန်းကီလိုမီတာ ( ၉၃,၇၀၂ )ကျယ်ဝန်းပြီး လူဦးရေ( ၅.၄ ) သန်းကျော်ရှိတဲ့ ကြီးမားကျယ်ပြန့်တဲ့ တိုင်းကြီးတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အစိတ်အပိုင်းတစ်ချို့၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့နဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းနဲ့ ၂၀၁၉ ကြားဖြတ်စာရင်းတွေအရ ဒီဒေသရဲ့လူငယ်ဦးရေ၊ ပညာရေးအခြေအနေ၊ အလုပ်အကိုင်အခွင့် အလမ်းတွေအပေါ် ဆက်စပ်ပြီး အကြမ်းဖက်မှုတွေမြင့်တက်နေချိန်မှာ ဘာကြောင့် အဆိုးဝါးဆုံးနီးပါးဖြစ်ခဲ့ရတယ်ဆိုတာကို ယခင်ကတည်းက သုံးသပ်ခဲ့ပါတယ်။ ကချင်ပြည်နယ်ဘက်က အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေက စစ်ကိုင်းတိုင်းဟာ သူတို့နယ်မြေကို မြေပြင်နဲ့ရေကြောင်းက ချဉ်းကပ်လာနိုင်တဲ့လမ်းကြောင်းတွေကို ထိန်းချုပ်ပြီး ဆက်စပ်နယ်မြေ တွေကို ဖြန့်ခွဲတိမ်းရှောင်သွားနိုင်တဲ့ နေရာမျိုးဖြစ်လို့ PDF လို အသိမဲ့ လူငယ်တွေကို ရှေ့ထွက်ခံစစ်အဖြစ် အသုံးချနိုင်တဲ့ နေရာတစ်ခုလို့လည်း ကြိုတင်သုံးသပ်မိပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်ရေး လမ်းကြောင်းတွေနဲ့ ဆက်စပ်နေတဲ့ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ လက်နက်မဲ့/အပြစ်မဲ့  အသတ်ခံရတဲ့ ပါတီဝင်/ပြည်သူတွေကို လုံခြုံရေးစနစ်နဲ့ အစီအမံတွေ မှာကြားနိုင်ခဲ့ပါတယ်။" လို့ ရေးသားဖော်ပြထားပါတယ်။


ဦးခင်ရီရဲ့ ရေးသားဖော်ပြချက်မှာ "သတိတရ ပြောခဲ့တဲ့ စကားတွေအနေနဲ့ " အခုအချိန်ကစပြီး မှတ်ထားဖို့က ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ ကျွန်တော်တို့မှာ ပါတီဆိုတဲ့ အစုအဖွဲ့ကြီးရှိတယ်။ တစ်ယောက်အားနဲ့မရရင် အများအားနဲ့ ဆောင်ရွက်ရမယ်။ ငါ့နောက်မှာ၊ ငါ့ဘေးမှာ၊ ငါ့အဖေရှိတယ်၊ ငါ့အစ်ကိုရှိတယ်၊ ငါ့မောင်တွေရှိတယ်၊ ခင်ဗျားတို့ရှေ့မှာ အနစ်နာခံဖို့ အဆင်သင့်ရှိနေဆဲပဲ၊ ရှေ့ခရီးမှာ သားသမီးတွေအတွက် ဘာလုပ်မလဲဆိုတာ စဉ်းစားရမယ်။ ကူညီပေးဖို့ ၊ နားထောင်ဖို့၊ ဖြေရှင်းဖို့ ကျွန်တော်လာခဲ့တာပါ။ အချိန်တစ်ခုရောက်လာတဲ့အခါမှာ မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်၊ ရှေ့တစ်လှမ်းတိုးကြပါစို့"  လို့ပြောခဲ့ပါတယ်။" လို့ ရေးသားဖော်ပြထားပါတယ်။


ဦးခင်ရီ ဟာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူပြီး ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး စီမံချက်ရေးဆွဲသွားမယ်လို့ ပြောဆိုထားခဲ့ပြီး စီမံချက်ရေးဆွဲပြီးဖြစ်ကြောင်းကို နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပါတီဝင်သစ်များအား အသိအမှတ်ပြု ကတ်ပြားပေးအပ်ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)